စတော်ဘယ်ရီခင်း စတော်ဘယ်ရီခင်းထဲမှာ ထိုင်နေကြတယ် စတော်ဘယ်ရီခင်းတွေကြား လမ်းလျှောက်ဖူးတယ် အဲဒါတွေက သာယာလှပတဲ့နေ့တွေရဲ့ အရိပ်တစ်ခု။ ထိပ်ကိုတက်ခဲ့ဖူးတယ် ထိပ်ကနေအောက်ကိုကြည့်ခဲ့ဖူးတယ် ကိုယ့်ခန္ဓာကို ကိုယ်ကအထပ်ထပ်ပြန်ရစ်ပတ်နေမိတယ် ကိုယ်စိန်ခေါ်ခဲ့ဖူးတယ် ကိုယ်နိုင်ခဲ့ဖူးတယ် နောက်ဆုံးပဲ့တင်သံက ကိုယ့်မြူသံ ကိုယ်ပြန်ကြားရတယ်။ စတော်ဘယ်ရီခင်းလေးမှာ ကောင်းကင်ကြီးမကြည်လင်တော့ပါ မြူမှုန်တွေပိတ်ဖုန်း ဆိတ်သုန်းသွားခဲ့သလိုပဲ။ |
|||